မရှိလျှင်လဲလုပ်ရမည်ပ
~~~~~~~~~~~~
အရွယ်သာစုံ ဘွဲ့မစုံလဲ
စိတ်အဖုံဖုံ အမုန်းမပုံနဲ့...။
ပညာတွေစုံ..ဘွဲ့တွေစုံလဲ
အမြင်တကယ်..ကျယ်လိမ့်မယ်ဟု
အတည်မပြုနဲ့....။
လူ၏သဘာ..ဘွဲ့၏ပညာ
အကျင့်တကာတို့..စုံလင်ရှိမှ
အလုပ်တကာ..တည်တံ့မှာမို့...။
အဆင့်တန်းအရာ..ဤသုံဖြာဖြစ်
လူ့တသက်..စွဲကိုင်ဖြစ်ဖို့....။
ဘွဲ့၏ပညာ .မရှိလျှင်ပ
အကျင့်သီလ..ကောင်းရုံမျှလဲ
လူ့ပြည်ရွာထဲ..အလုပ်ခပင်း
ရနိုင်သေး၏.....။
လူ့ကမ္ဘာမှာ လူတကာတို့
လူဖြစ်ဖို့ရေး..စဉ်မြဲတွေးလာ
လူ့သဘာကို....။
တရာ့ကိုး.တရာ့တစ်ဆယ်
ဤပုံနယ်သည်..ဤလူ့ပြည်ကား
လူ့အလကား.သတ်မှတ်ထား၏...။
လူ၏ဟူသည်..အလုပ်ဟူကား
တစ်ခုခုဝယ်..ရှိနေမယ်ဆို
ငါတို့ဟူသည်..ဂုဏ်ရှိမည်ဟု
ထင်မြင်မှုနဲ့..အလုပ်ဟူသမျှ
ဂုဏ်ရှိစွ..ပမာဏနဲ့..ဘ၀ရှေ့ရေး
စဉ်ဆက်တွေးမှ..လူ၏ဘဝ
အစဉ်လှမည်..သင် " ယုံကြည်လော....။
( လမိုက်ကြယ် )






0 comments:
Post a Comment