Friday, 31 July 2015
INTRO
Wednesday, 29 July 2015
ကိုယ်ပိုင်စီးပွားရေးလုပ်ရန် ဘယ်ကစ,ရမလဲစဉ်းစားနေသူများအတွက်
ကိုယ်ပိုင်စီးပွားရေးလုပ်ရန် ဘယ်ကစ,ရမလဲစဉ်းစားနေသူများအတွက်
"ငါ ဒီက ပြန်လာချင်တယ်ဟာ .. မြန်မာပြည်ပြန်လာပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ် .. ဒါပေမယ့် ဘာလုပ်ရမှန်းမသိဘူး"
.
"ငါ ဆပ်ပြာရည်လုပ်ငန်း လုပ်မလို့ .. ဒါမယ့် ဘယ်က စရမလဲ မသိဘူး"
.
"ငါ ဓါတ်မြေသြဇာဆိုင် ဖွင့်ရင်ကောင်းမလား ၊ ဆေးဆိုင် ဖွင့်ရင် ကောင်းမလား မသိဘူး"
.
"ငါ့လုပ်ငန်း အခြေအနေမကောင်းဘူး .. စိတ်ညစ်တယ် frown emoticon "
.
"ငါ ရေသန့် လုပ်ချင်တယ် .. နင် စုံစမ်းပေးစမ်းပါဟာ"
.
.
သူငယ်ချင်းတော်တော်များများက ကိုယ်ပိုင်စီးပွားရေး လုပ်ချင်ကြတယ် .. ဒါပေမယ့် မအောင်မြင်မှာကြောက်တာရယ် ဘယ်ကစ,ရမှန်း မသိတာရယ်ကြောင့် .. မစနိုင်ကြဘူး ..
.
သူငယ်ချင်းတွေအတွက် အထောက်အပံ့ နဲနဲလေးပဲဖြစ်ဖြစ်ရအောင်လို့ ဒါလေး ရေးပေးလိုက်ပါတယ် ..
.
.
** စီးပွားရေးလုပ်ချင်တဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပါတယ် ..
.
.
ပထမဆုံးအနေနဲ့ ..
ကိုယ် ဘာစီးပွားရေးအမျိုးအစားကို လုပ်ချင်တာလဲ ၊ ဘယ်အလုပ်ကို စိတ်ပါလက်ပါလုပ်ချင်တာလဲ ၊ ပြီးတော့ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းအတွက် အတတ်ပညာ ဘယ်လောက်ရှိလဲဆိုတာရယ် ၊ ဘာကြောင့် ဒီစီးပွားရေးကို လုပ်ချင်ရတာလဲဆိုတာတွေ ကိုယ့်ကိုယ်ကို သေချာအောင်အရင်လုပ်ပါ ..
ပြီးရင် လုပ်မယ့်စီးပွားရေးလုပ်ငန်း အောင်မြင်နိုင်ဖို့အတွက် အောက်ပါအတိုင်း ကြိုတင်စီမံချက်တွေ ချကြည့်ပါ ..
.
.
1. စီးပွားရေးလုပ်ငန်းအမျိုးအစား
.
1.1 ပြုလုပ်လိုတဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစား (ဥပမာ - ထုတ်လုပ်မှု / ၀န်ဆောင်မှု / လက်လီစီးပွားရေး / ... )
.
1.2 ထိုလုပ်ငန်းနှင့်ပတ်သက်သမျှ လုပ်ငန်းနယ်ပယ်အခြေအနေ
( ဥပမာ - မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုပေးတာဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကနဦးအဆင့်မှာ ဖြစ်ပါတယ်။
ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းဆိုရင်တော့ ရင့်ကျက်စပြုနေပါပြီ။ ရေသန့်/ဆပ်ပြာ ထုတ်လုပ်တဲ့လုပ်ငန်းဆိုရင်တော့
ရင့်ကျက်အဆင့်မှာ ဖြစ်ပါတယ်။
စာအုပ်အရောင်းဆိုင်လုပ်ငန်းမျိုးဆိုရင်တော့ ဆုတ်ယုတ်အဆင့် ဖြစ်နေပါပြီ။
ကိုယ်ရွေးချယ်မယ့်စီးပွားရေးနယ်ပယ်ရဲ့ အလားအလာ ကောင်းသလား/ဆုတ်ယုတ်နေသလား သိရမှာ ဖြစ်ပါတယ်)
.
1.3 ထိုလုပ်ငန်းအမျိုးအစားရဲ့ လက်ရှိ နဲ့ အနာဂတ်အတွက် ဈေးကွက်အခြေအနေ ၊ ပြိုင်ဆိုင်မှုအခြေအနေ ဘယ်လိုရှိလဲ လေ့လာရမယ်
.
1.4 ကိုယ်က ဘယ်အဆင့်ကို ၀င်တိုးမှာလဲ
.
1.5 ပြုလုပ်လိုတဲ့လုပ်ငန်းအတွက် ကိုယ်တိုင် နားလည်ကျွမ်းကျင်မှု ဘယ်လောက်ရှိလဲ
.
1.6 အခြားလုပ်ငန်းတူများနဲ့ နှိုင်းယှဉ်ရင် ကိုယ်ကမတူထူးခြားအောင် ဘာတွေလုပ်နိုင်သလဲ
.
1.7 လုပ်ငန်းရဲ့ တည်နေရာ
(ကိုယ်ရည်ရွယ်ထားတဲ့ဈေးကွက် နဲ့ ကိုက်ညီပြီး အချက်အချာကျတဲ့နေရာ ဖြစ်ရပါမယ်၊ ကိုယ့်လုပ်ငန်းနေရာမကောင်းရင် အချောဆုံးအလှဆုံး ပြင်ဆင်ပြီး အမှောင်ထဲမှာ လမ်းလျောက်နေတဲ့ မိန်းကလေးလို ဖြစ်လိမ့်မယ်၊ ကိုယ့်လုပ်ငန်းအောင်မြင်ခဲ့ရင်ရော တိုးချဲ့ နိုင်မယ့်နေရာလားဆိုတာ ကြိုတွက်ထားရပါမယ်)
.
1.8 လုပ်ငန်းရဲ့အမည်
(နာမည်ရွေးချယ်မှုကလည်း အဓိကကျပါတယ်၊ နာမည်ကြားလိုက်ရုံနဲ့ ဆွဲဆောင်မှုရှိအောင် ၊ လုပ်ငန်းကိုနားလည်သွားအောင် ၊ လုပ်ငန်းသဘောကို ပိုလေးနက်အဓိပ္ပ္ပါယ်ရှိသွားအောင် ၊ အမြင်ရောအကြားပါ ရှင်းလင်းပြတ်သား မှတ်ရလွယ်အောင် ၊ ဥပဒေနဲ့လည်း ကိုက်ညီအောင်) ပေးရပါမယ်
ဥပမာ - ဖုန်းဆိုင် ဆိုရင် - လူကြီးမင်း
စားသောက်ဆိုင်ဆိုရင် - Foody ပေါ့
.
1.9 ကိုယ့်လုပ်ငန်း စတင်တဲ့အချိန်ကစပြီး ပထမနှစ်အတွင်း ရလိုသည့်ဖောက်သည်အရေအတွက် ကြိုစီမံထားရန် ၊ တစ်ရက်ကို ရနိုင်တဲ့အမြတ်ငွေကြိုတွက်ထားရန် နဲ့ တခြားရည်ရွယ်ချက်တွေကို တိတိကျကျသတ်မှတ်ထားရပါမယ်။
.
.
2. ဈေးကွက်ထိုးဖောက်မှုအစီအစဉ် (Marketing)
.
ဈေးကွက်ထိုးဖောက်မှု အစီအစဉ်ကြိုတင်ချမှတ်ခြင်း ဆိုတာ မိမိထုတ်ကုန်ပစ္စည်း / ၀န်ဆောင်မှု/လက်လီရောင်းချမှုတွင် ရောင်းစရာရှိတာ ရောင်းရအောင် ၊ ပိုမိုရောင်းရအောင် ၊ သုံးစွဲသူများလာအောင် ၊ လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ကြိုတင်အစီအစဉ်ချမှတ်ဖို့ပဲ ဖြစ်ပါတယ်။
.
2.1 မိမိကုန်ပစ္စည်း/၀န်ဆောင်မှုအား သုံးစွဲသူတွေ အမှန်တကယ် လိုအပ်မှုရှိရဲ့လား နဲ့ သုံးစွဲနိုင်မှုအခြေအနေများကို သုတေသန လုပ်ရပါမယ်။
.
2.2 မိမိကုန်ပစ္စည်း/၀န်ဆောင်မှုကို ဘယ်လိုအမျိုးအစားဖောက်သည်တွေကို ရည်ရွယ်ရောင်းချမှာလဲ (ရည်ရွယ်တဲ့ဈေးကွက်)
.
2.3 ကိုယ့်ကုန်ပစ္စည်းကို သုံးစွဲသူတွေသိအောင်၊ ၀ယ်ချင်လာအောင် ဘယ်လိုနည်းလမ်းတွေ သုံးမှာလဲ
.
2.4 ဖောက်သည်တစ်ယောက်ကို တစ်လ/တစ်ပတ်/တစ်ရက်အတွင်း ခန့်မှန်းအရောင်းပမာဏ ဘယ်လောက်ရှိမလဲ
.
2.5 လုပ်ငန်းစတဲ့ ပထမနှစ်အတွင်း လစဉ်အရောင်းပမာဏ (12 လစာ Sale Target) ကြိုတင်ခန့်မှန်းထားရမယ်
.
2.6 လုပ်ငန်းတူ အဓိကပြိုင်ဘက်ဘယ်လောက်ရှိသလဲ - အောင်မြင်သည့်ဆိုင်/မအောင်မြင်သည့်ဆိုင်များ ၊ ထိုဆိုင်တွေရဲ့ အောင်မြင်ရခြင်း/မအောင်မြင်ရခြင်း အဓိကအကြောင်းများကို လေ့လာရမယ်
.
2.7 မိမိလုပ်ငန်းအတွက် တစ်နှစ်စာနဲ့ငါးနှစ်စာ(ရေတို/ရေရှည်)အတွက် ပန်းတိုင် ကြိုတင်သတ်မှတ်ပြီး ထိုပန်းတိုင်ရောက်ဖို့အတွက် နည်းလမ်းများကို ကြိုတင်စီစဉ်ရမှာဖြစ်တယ်
.
.
3. လုပ်ငန်း၏ လုပ်ငန်းစဉ်
.
3.1 ကိုယ်ထုတ်လုပ်မည့် ကုန်ပစ္စည်း၏ ထုတ်လုပ်မှုအဆင့်ဆင့် (သို့မဟုတ်) ကိုယ်ပြုလုပ်မယ့် ၀န်ဆောင်မှု/လက်လီလုပ်ငန်း၏ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ကြိုတင်စီစဉ်ရေးဆွဲရမယ်
(ဥပမာ - လက်လီလုပ်ငန်း လုပ်မယ်ဆိုရင်
- ဘယ် wholesaler တွေက ယူမလဲ , ကိုယ်ယူမယ့် wholesaler က ဈေးမှန်လား၊ error တာဝန်ယူလား၊ ပစ္စည်းတွေ update ဖြစ်ရဲ့လား စသဖြင့်
- ကိုယ့်ဒေသနဲ့လိုက်မယ့် ဆိုင်ဖွင့်ချိန် ~ ပိတ်ချိန်)
.
3.2 လုပ်ငန်းအတွက် လိုအပ်တဲ့စက်ပစ္စည်းတွေ နဲ့ အဲဒီပစ္စည်းတွေကို ၀ယ်ယူရန် ကုန်ကျစရိတ် ကြိုတင်တွက်ချက်ရမယ်
.
3.3 ကြုံတွေ့နိုင်တဲ့ပြဿ နာ နဲ့ အခက်အခဲများ (ရာသီဥတု၊ ရန်သူမျိုးငါးပါး၊ လျှစ်စစ်မီးပြတ်ခြင်း၊ မူဝါဒအပြောင်းအလဲများ) စတာတွေကို ကြိုစဉ်းစားပြီး လုပ်ငန်းလည်ပတ်မှုကို မထိခိုက်စေရန်(သို့)ထိခိုက်မှု နည်းနိုင်သမျှ နည်းစေရန် ကြိုတင်စီစဉ်ထားရမှာ ဖြစ်တယ်
.
3.4 ဥပဒေအရ လိုအပ်ချက်များ (ဥပမာ - လုပ်ငန်းလိုင်စင် ၊ လုပ်ငန်းနာမည်ရွေးချယ်မှု)
.
3.5 လုပ်ငန်းအတွက် ကုန်ကြမ်း နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ယူရန် လိုအပ်ငွေ (ကုန်ကြမ်းဝယ်ယူရန် ၊ လုပ်ငန်းအတွက် ၀ယ်ယူရန်ပစ္စည်းများ ၊ ပြုပြင်စရိတ် ၊ ၀န်ထမ်းယူနီဖောင်း ၊ .. စသည်) တို့ကို ကြိုတင်တွက်ထားရပါမယ်
.
.
.
4. စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဖွဲ့စည်းမှု
.
4.1 လိုအပ်မယ့် ၀န်ထမ်းအရေအတွက် ၊ လုပ်ငန်းတာဝန် ၊ ကျွမ်းကျင်မှု နဲ့ လစာ
.
4.2 ၀န်ထမ်းရှာဖွေစုဆောင်းရာမှာ အသုံးပြုမယ့် နည်းလမ်းများ
.
4.3 ၀န်ထမ်းများ လုပ်ငန်းခွင်မှာ စိတ်ဓါတ်တက်ကြွစေဖို့အတွက် သုံးမည့်နည်းလမ်းများ
.
4.4 လုပ်ငန်းကို ကိုယ်ကရရှည်လုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဘယ်သူဆက်လုပ်မှာလဲ ၊ ဆက်လုပ်ပေးမယ့်သူကိုရော ဘယ်လောက်ကြာကြာ ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းထားနိုင်မလဲ စတာတွေကိုလည်း ကြိုတင်စီစဉ်ရပါမယ်
.
.
.
5. ငွေကြေးဆိုင်ရာ
.
5.1 (3.2) မှ စက်ပစ္စည်းတွေ ၀ယ်ယူဖို့ ကုန်ကျစရိတ်
.
5.2 လုပ်ငန်းမလည်ပတ်မီ ကုန်ကျစရိတ်
.
5.3 လုပ်ငန်း တစ်လလည်ပတ်ရန် လိုအပ်တဲ့ အသုံးစရိတ် (ဥပမာ - ကုန်ကြမ်းဝယ်ယူမှု ၊ ၀န်ထမ်းလစာ ၊ ၀န်ထမ်းများ စိတ်ဓါတ်တက်ကြွစေရန်သုံးငွေ ၊ သယ်ယူပို့ဆောင်စရိတ် ၊ လုပ်ငန်းနေရာငှားရမ်းခ ၊ လျှပ်စစ်/စက်သုံးဆီ ၊ ကြော်ငြာစရိတ် ၊ ချေးငွေအတိုး ၊ ..... )
.
5.4 လုပ်ငန်း စတင်ရန်အတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှု စုစုပေါင်း
(5.1) + (5.2) + (5.3) = ငွေအရင်းအနှီး
.
5.5 ငွေအရင်းအနှီးကို ဘယ်နေရာတွေက ရနိုင်သလဲ (ကိုယ်ပိုင်ငွေ ၊ မိဘ ၊ ဆွေမျိုးအသိုင်းအ၀ိုင်း ၊ အရပ်တိုးချေးငွေ ၊ ဘဏ်တိုးချေးငွေ နဲ့ အခြားအရင်းအမြစ်များ)
.
5.6 လစဉ် ၀င်ငွေ နဲ့ အသုံးစရိတ်တွေကိုလည်း ခန့်မှန်းတွက်ချက်ထားရပါမယ်
.
.
.
စတဲ့အချက်အလက်တွေ စုဆောင်းရှာဖွေလေ့လာပြီး ကိုယ်လုပ်မယ့်စီးပွားရေးအတွက် ပုံစံသေးသေးလေး အရင်ဆုံးပုံဖော်ကြည့်ပါ ..
ဒါဆိုရင် ကိုယ် စ, လုပ်ချင်တဲ့ လုပ်ငန်းအတွက် မ၀ံ့မရဲဖြစ်နေမှာ မဟုတ်တော့သလို ၊ ဖြစ်နိုင်ချေ ရှိ/မရှိ ၊ ကြုံလာနိုင်မယ့် အခက်အခဲတွေအတွက်လည်း အနီးစပ်ဆုံး ကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပြီး အောင်မြင်နိုင်ခြေ ၊ ဆုံးရှုံးနိုင်ခြေ ၊ အမြတ်ရနိုင်ခြေ တို့ကိုလည်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ် ..
.
.
** စီးပွားရေးလုပ်ချင်တဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပါတယ် ..
Credit...
FACEBOOK မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး(၁၀)ခု
FACEBOOK မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး(၁၀)ခု
Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေရှာဖွေရာမှာ
အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့လူတိုင်းတော့ အဲ့လိုအကျိုးရှိရှိအသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက်
Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likesရဖို့အတွက် Postတွေ
တင်ကြတယ်။ အခြားသူတွေဘာလုပ်နေမလဲ Facebookပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။
အစရှိသဖြင့် Facebookကိုအသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့စသိပြီး
သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebookသုံးကြပါတယ်။ သင်ရောအဲ့ဒိအထဲပါနေပြီလား?
ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက်(၁၀)ချက်ကိုဖော်ပြ
ပေးလိုက်ပါတယ်။
#(၁)သင့်ဘ၀ပြန်လည်အသက်ဝင်လာလိမ့်မယ်။
“ပြန်လည်အသက်ဝင်လာမယ်”ဆိုတဲ့ စကားကိုသုံးရတာအကြောင်းရှိပါတယ်။ သင်Facebookကိုကြည့်တဲ့အကြိမ်ရေကိုပြန်တွက်ဖူးပါသလား?
တစ်နေ့မှာ၂၄နာရီရှိပါတယ်။ ၈နာရီကအိပ်ပါတယ်။ ၈နာရီကအလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို
ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebookကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebookကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က
ရှင်သန်သေးရဲ့လား ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရောသင်ဘာလုပ်ခဲ့လဲပြန်စဉ်းစားပါ။ သူငယ်ချင်းနဲ့ဖုန်းပြောမယ်၊
သူငယ်ချင်းသို့မဟုတ် မိသားစုနဲ့ မုန့်သွားစားမယ်၊ သို့မဟုတ်တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ်၊ သို့မဟုတ်စာဖတ်မယ်၊ ဒါမှမဟုတ်သင်ဝါသနာပါတာတစ်ခုခု လုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့ကFacebookကိုအလကားသုံးတာမဟုတ်ဘူး၊ Facebookပေါ်မှာ စာဖတ်တယ်လို့ဆိုပါတယ်။ဟုတ်ပါတယ်Facebookပေါ်မှာအဲ့လိုအကျိုးရှိတာတွေ လုပ်တာကိုတော့ အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရော စာအကြာကြီးဖတ်ဖြစ်လို့လား?More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးကရှည်နေရင်သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲ သင်ဖတ်ဖြစ်တာများပါလိမ့်မယ်။သင်Facebookကိုခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကိုစောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူတစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်းရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းကသင်အတုအယောင်လောကတစ်ခုမှာပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။သင့်ဘေးက သင့်အပေါ်မေတ္တာရှိတဲ့အရာအားလုံး၊သင့်အတွက်တကယ်အကျိုးရှိတဲ့အရာအားလုံးကိုသင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကိုတကြည့်ကြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ Facebookခဏခဏသုံးနေတာကိုရပ်ပြီး ပတ်ဝန်းကျင်ကိုတစ်ခါလောက်စေ့စေ့စပ်စပ်လေးကြည့်လိုက်ပါ။ သင်အများကြီးတိုးတက်လာလိမ့်မယ်။ သင့်ရဲ့သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့မိသားစုအတွက်Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။
#(၂)အလုပ်တွေပိုပြီးလာလိမ့်မယ်။
ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။
စာတွေကိုအင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက်
Facebookကိုကြည့်လိုက်နဲ့ အလုပ်ပေါ်အာရုံစူးစိုက်မှုအားနည်းလာပါတယ်။ Facebookကိုခဏလေးဆိုပြီးကြည့်ရာကနေ ၁၅မိနစ်လောက်
ကြည့်ဖြစ်တဲ့အခါကြည့်ဖြစ်သွားပါတယ်။ အဲဒိအခါမှာ ကျွန်တော့်ရဲ့ Productivity ကသိသိသာသာကျသွားပါတယ်။ စာဖတ်နေရင်းနဲ့
Facebookကိုကြည့်ချင်စိတ်တွေပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stressများလာပါတယ်။ အရာရာအဆင်မပြေတော့ပါဘူး။
ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ဘယ်အချိန်မှာ Facebookကိုဖွင့်မယ်ဆိုတာကိုအချိန်ဇယားလုပ်လိုက်ပါတယ်။
အဲ့ဒိနောက်ပိုင်း အလုပ်တွေပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebookသုံးတာကိုဖြစ်နိုင်ရင်
ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ့်မယ်။
#(၃)အခြားအရာတွေမှာ အာရုံစူးစိုက်မှုပိုကောင်းလာပါလိမ့်မယ်။
Facebook ကတက်လာမယ့် Update Statusတွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက်စောင့်ဖူးပါသလား? အဲဒိအချိန်တွေကို အခြားမှာသုံးဖို့ရော
စဉ်းစားဖူးပါသလား? အဲ့ဒိ New Statusတွေတက်တာကိုစောင့်နေတဲ့ မိနစ်၃၀လောက်ကိုစာအုပ်ဖတ်ဖို့ဖြစ်ဖြစ်စဉ်းစားဖူးပါသလား?
စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာသင့်ရဲ့အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။
#(၄)သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။
Facebookပေါ်မှာခင်ရတာအရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး commentပေးတယ်ဆိုတာ ပြောပလောက်အောင် အချိန်မကုန်ပါဘူး။
သင်Facebook မသုံးဘဲနေကြည့်လိုက်ပါ။ သင့်ကိုဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့အပြင်မှာဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ
စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။
#(၅)သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာသင်သိလာလိမ့်မယ်။
Facebookပေါ်မှာ Likeတယ်ဆိုတာတကယ်တော့ Likeရဲ့ Meaningတောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင်Likeမယ်။ Likeပြန်ရချင်လို့ Likeတာလည်းဖြစ်ချင်ဖြစ်မယ်။ တာဝန်ဝတ္တရားအရလုပ်ပေးတဲ့အရာတစ်ခုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူးဖြစ်နေကြပါတယ်။
ဒါကြောင့်Facebookနဲ့နည်းနည်းခွဲနေကြည့်လိုက်ပါ။ Facebookပေါ်က Likeဆိုတာဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။
#(၆)လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။
Facebookကပေးတဲ့အဓိကပြသနာကတော့ ဘယ်တော့မှFacebookပေါ်မှာလုပ်စရာတွေမကုန်သွားတာပါပဲ။ ကြည့်စရာအသစ်တွေ၊ Likeစရာအသစ်တွေသူငယ်ချင်းအသစ်တွေ၊ commentပေးစရာတွေ၊ Shareစရာတွေနဲ့သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင်
လုပ်ဆောင်နိုင်တာတွေအများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင် ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခုပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။
ပန်းကန်တွေကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာတစ်ခုခုပြီးမြောက်အောင်လုပ်ဆောင်ကြည့်ပါ။
#(၇)Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။
Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကိုစောင့်ကြည့်နေတဲ့သူရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ဓာတ်ပုံတွေ၊
သင်ရဲ့စိတ်ထဲက လျှို့ဝှက်ချက်တွေအားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့
သင့်ရဲ့သူငယ်ချင်းတစ်ယောက်က သင့်ကို”မနက်ဖြန် Junction Sqareသွားကြမယ်လို့” tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့Friendဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့် သိနိုင်ပါတယ်။ ဒီတော့သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန်ဘယ်သွားမလဲသိသွားပြီပေါ့။ ဒါပေမဲ့ သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒိလိုပြသနာတွေကြုံတော့မှာမဟုတ်ပါဘူး။
#(၈)သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။
လေ့လာတွေ့ရှိချက်တွေအရတော့ Facebookကလူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။ သင်postတစ်ခုတင်လို့
Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင်ယုံကြည်မှုတွေပါကျဆင်းလာတတ်ပါတယ်။ သင့်ကို
စိတ်ဓာတ်ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။
#(၉)သင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။
ဂျာမနီနိုင်ငံမှာပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရတော့Facebookအသုံးပြု
သူတော်တော် များမျာဟာ ၀န်တိုစိတ်တွေများလာကြပါတယ်လို့
ဆိုပါတယ်။ Facebookပေါ်မှာသူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ် လို့ဆိုပါတယ်။ သူများတွေတင်ထားတဲ့
ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေတွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့ကမနာလို
ဖြစ်တတ်ကြပါတယ်။Facebookဆိုတာအရမ်းကြွားလို့ကောင်းတဲ့ နေရာ
ဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒိလို
မနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေခနလောက်ထွက်ပြီး သင့်မှာရှိတဲ့ အရာတွေကိုတန်ဖိုးထားကြည့်လိုက်ပါ။
#(၁၀)Facebook ဆိုတာကြော်ငြာတွေအများကြီးမြင်နိုင်တဲ့နေရာတစ်ခု ထက်မပိုဘူးဆိုတာသင်နားလည်လာလိမ့်မယ်။
Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။
ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့မိတ်ဆွေကောင်းအသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါ
ပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။Facebookကနေ ကောင်းတဲ့အချက်တွေအများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီး
နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့အချိန်အများစုကို
အရေးမကြီးတဲ့ကိစ္စတွေမှာမဖြုန်းဖို့ ပြောချင်တာပါ။
Facebook စွဲလန်းခြင်းရောဂါအမြန်ဆုံးပျောက်ကင်းပါစေ...
Ref:linkedin
Tuesday, 28 July 2015
FACEBOOKအကောင့် ဟက်ခံရပါက
မိမိ အသုံးပြုနေတဲ့ facebook အကောင့် ဟက်ခံရပြီး ဆိုရင်
ဘယ်လောက် စိတ်ညစ်ဖို့ ကောင်းလဲဗျာ
အဲ့တော့ စိတ်ညစ်ရမယ် အကြောင်းတွေ ခဏထား
မိမိ facebook အကောင့်ကို ပြန်ယူရမယ်လေ ဘယ်လို့ ယူရမလဲ
သင့် သိပါသလား မသိသေးဘူးဆိုရင်တော့
အောက်က လင့်ကို ကလစ်လိုက်ပါ
♻ ဒီကိုဝင်လိုက်ပါ ♻
ခုပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ
Report Compromised Account ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်
အဲ့ဒီဖိုင့်ထဲမှ
My account is compromised ဆိုတာကို နှိပ်လိုက်ပါ
Find Your Account ဆိုတဲ့ ဖိုင့် တတ်လာပါလိမ့်မယ်
အဲ့ဒီထဲမှ Email, Phone, Username or Full Name ဆိုတဲ့ အောက်က အကွက်ထဲမှာ
မိမိ Gtalk အကောင့်ကို ထည့်ပေးလိုက်ပါ
ပြီးနောက် Search ကို နှိပ်လိုက်ပါ နှိပ်လိုက်တာနဲ့ 
Identify Your Account ဆိုတဲ့ ဖိုင့်ပေါ်လာပါလိမ့်မယ်
မိမိ ဓါတ်ပုံနဲ့  facebook အသုံးပြုသော နာမည် ပေါ် လာပါလိမ့်မယ်
This Is My Account ဆိုတာကို ကလစ်ပေးလိုက်ပါ
Reset Your Password ဆိုတဲ့ ဖိုင့် တတ်လာပါပြီး
Email me a link to reset my password ဆိုတာကို ကလစ်ပေးလိုက်ပါ
အဲ့ဒီနောက် Continue ကိုနှိပ်လိုက်ပါ
Check Your Email ဆိုတဲ့ ဖိုင့်ပေါ်လာပြီး မိမိ Gtalk အကောင့် ဆီသို့ 
We sent your code to: ပို့ ပေးပါလိမ့်မယ် facebook မှ ပို့ ပေးသော Code ကို
ပေးထားသော အကွက်ထဲကိုထည့်ပေးလိုက်ပါ
facebook မှ သင့်ကို
Hi ကို,
Somebody recently asked to reset your Facebook password.
Click here to change your password.
Alternatively, you can enter the following password reset code:
589eee7437 ဒီ ဂဏန်းများကိုယူပြီး ခုနက အကွက်ထဲကို ထည့်ပေးလိုက်ပါ
Didn't request this change?
If you didn't request a new password, let us know immediately.
အကွက်ထဲကို Code ထည့်ပြီးပြီး ဆိုရင်တော့
Choose a new password ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်
New Password ဆိုတဲ့ နေရာမှာ မိမိ နှစ်သက်ရာ Password ကိုထည့်ပေးလိုက်ပါ
Confirm Password မှာတော့ New Password ပေးထားသော Password ကို ပြန်ထည့်ပေးပါ
ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ
မိမိ facebook အကောင့် ပြန်ရပါပြီးပါခင်ဗျာ
facebook အကောင့် ဟက်ခံရပါက အခုနည်းအတိုင်း ပြန်လည်း လုပ်ဆောင်ရပါတယ်။





